UPVC Windows and Doors Specialist

UPVC ဆိုတာဘာလဲ?

UPVC ဆိုတာ Unplasticized Poly-Vinyl Chloride ကို အတိုချုံ့ပြောဆို ခေါ်ဝေါ်ခြင်းဖြစ် ပါတယ်။ ပလတ်စ တစ်အမျိုအစားများစွာထဲမှ UPVC များဟာ မာကျောခြင်း၊ အလွယ်တကူပုံစံ မပြောင်းနိုင် ခြင်း၊ UV နှင့် နေပူဒဏ် တို့ကြောင့် ကြွတ်ဆတ်အက်ကွဲမှုမဖြစ်ပေါ်နိုင်ခြင်း၊ အပူ အအေးဒဏ်တို့ ကြောင့် ကျုံ့ကြွမှုမဖြစ်ပေါ်နိုင်ခြင်း အစရှိ သည့်အချက်များကြောင့် ဆောက်လုပ် ရေးလုပ်ငန်းများ တွင် ရေပိုက်များအဖြစ်သော်လည်းကောင်း၊ ပြတင်းပေါက်များ တံခါးများအဖြစ် သော်လည်းကောင်း တွင်ကျယ်စွာအသုံးပြုနေကြပါသည်။

UPVC ပြတင်းပေါက်နှင့်တံခါး ဆိုတာဘာလဲ?

UPVC ပြတင်းပေါက်နှင့်တံခါးများကို UPVC Profile များအား လိုအပ်သလို ဖြတ်တောက်တွယ် ဆက်၍ ပြုလုပ်ရ ပါသည်။ ၎င်း UPVC Profile များတွင် UPVC၊ Calcium Carbonate နှင့် Titanium Dioxide တို့အဓိကပါဝင် ပြီး ၎င်းပါဝင်ပစ္စည်းများ၏အချိုးအစားပေါ်မူတည်၍ အရောင် တောက်ပမှု၊ ကြာရှည်ခံနိုင်မှု၊ တောင့်တင်းခိုင်မာမှု တို့မတူညီကြပါ။

ဥရောပ နှင့် အာရှ တလွှားတွင် UPVC ပြတင်းပေါက်နှင့်တံခါးများဟု လူသိများသော်လည်း အမေရိအကားနှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် Vinyl (ဗီနိုင်း) ပြတင်းပေါက်နှင့်တံခါးများအဖြစ် လူသိများပါသည်။

အရည်အသွေးပြည့်မှီတဲ့ UPVC ပြတင်းပေါက်နှင့်တံခါး ဆိုတာဘာလဲ?

UPVC ပြတင်းပေါက်နှင့်တံခါး တို့ရဲ့အရည်အသွေးကို UPVC Profile ၊ အသုံးပြုထားသော ဆက်စပ်ပစ္စည်းများ ၏အရည် အသွေး (ပတ္တာ၊ သော့၊ လက်ကိုင် ...) တို့အပြင်၊ ထုတ်လုပ် သူများ၏ ကျွမ်းကျင်ပိုင်နိုင်မှု၊ စေ့စပ်သေ ချာမှုတို့နှင့် စက် ပစ္စည်းများ၏စွမ်းဆောင်ရည်တို့ အပေါ်မူတည်ပါသည်။

UPVC ၊ သစ်သား နှင့် အလူမီနီယံ တို့ဘယ်လိုကွာခြားသလဲ ?

UPVC vs Aluminium vs Wood

UPVC Casement Windows (ဖွင့်ပြတင်း) တစ်ခု၏ ဖွဲ့စည်းပုံ